အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA -5 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA -5 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်





MNP ၊ စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင် ပြည်သူများ ကို ဗစ်- ၁၉ အိုမီခရွန်မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဦးဆောင် မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ နံနက်အချိန်က လူစည် ကားရာလမ်း ဆုံလမ်းခွများနှင့် အမ္ဗနဒီဈေးရှေ့၌ ဒေသခံပြည်သူ များဈေးဝယ်သူများအား  Mask  Campaign အသိပညာပေးဆောင် ရွက်ခြင်းနှင့်မြို့ပေါ်ရပ်ကွက်များ၌လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


အဆိုပါ  Mask Camp aign ဆောင်ရွက်ရာ တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်မျာခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အမျိုး သမီးရေး ရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး အသင်းအဖွဲ့များက ပြည်သူများအားနှာ ခေါင်းစည်း Mask များအခမဲ့တပ်ဆင်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ကာ ရပ်ကွက်များအတွင်းအသံချဲ့စက်များဖြင့် ကူးစက်မြန်  ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်သဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)