ငါးသိုင်းချောင်းမြို့၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေးဆွေး နွေးပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေးဆွေး နွေးပွဲများပြုလုပ်



MNP - စက်တင်ဘာ  ၂၇


ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်ဉီးဆောင်သည့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် စီမံကိန်းဝင်နေကြာသီးနှံနှင့် အခြားပဲမျိုးစုံအားလျာထားချက်ပြည့်မီ ကျော်လွန်စွာစိုက်ပျိုးရေး အတွက်  ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးဘက်ကျေးရွာ အုပ်စုနှင့် သရက်ချောင်း ကျေးရွာအုပ်စု များသို့သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ/ ရာအိမ်မှူးများ၊ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြပါသည်။


နိုင်ငံတွင်းစားသုံးဆီဖူလုံမှုရရှိစေရေး အတွက်ဆောင်းသီးနှံနေကြာအား သီးသန့်၊ သီးညှပ် စိုက်ပျိုးရေးနှင့် တိုးချဲ့စိုက်ပျိုးရေးတို့ကို မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က ဆွေးနွေးခဲ့ပြီး တောင်သူများက မျိုးစေ့ရရှိမှုအခြေအနေနှင့် စိုက်ပျိုးနည်းစနစ်များအား မေးမြန်းဆွေးနွေးရာ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်အေးအေးကျော်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ဆက်လက်၍ ငါးသိုင်းချောင်းမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်တင်လင်းထွဋ်က နယ်မြေလုံခြုံရေး၊ တရာဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)