မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းကြောင့် မျိုးမြှင့်နွားသိုးမျိုးရိုးဗီဇကို နွားကောင်ရေ အများအပြားတွင် ရရှိစေနိုင်မည်ဖြစ်ပြီး နွားသိုးတစ်ကောင်မှတစ်ကြိမ်ရရှိသည့်မျိုးရည်ဖြင့် နွားမကောင်ရေ ၂၀၀ အထိ သားစပ်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းကြောင့် မျိုးမြှင့်နွားသိုးမျိုးရိုးဗီဇကို နွားကောင်ရေ အများအပြားတွင် ရရှိစေနိုင်မည်ဖြစ်ပြီး နွားသိုးတစ်ကောင်မှတစ်ကြိမ်ရရှိသည့်မျိုးရည်ဖြင့် နွားမကောင်ရေ ၂၀၀ အထိ သားစပ်နိုင်

 


MNP - စက်တင်ဘာ   ၂၇


မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းကြောင့်မျိုးမြှင့်နွားသိုးမျိုးရိုးဗီဇကို နွားကောင်ရေ အများအပြားတွင် ရရှိစေနိုင်မည်ဖြစ်ပြီး နွားသိုးတစ်ကောင်မှတစ်ကြိမ်ရရှိသည့်မျိုးရည်ဖြင့် နွားမကောင်ရေ ၂၀၀ အထိ သားစပ်နိုင်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲက ဖွင့်လှစ်ပို့ချခဲ့သည့် နွားမေထုန်မဲ့သားစပ်သင်တန်း (၆/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်က ပြောကြားသည်။


ယခုဖွင့်လှစ်ပို့ချသည့်သင်တန်းကို Unit Plan စီမံကိန်းဆောင်ရွက်နေသည့်ကျေးရွာများတွင် မွေးမြူထားသည့်နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများအား ကိုယ်တိုင်စနစ်တကျ မေထုန်မဲ့ သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်နွားများ တိုးပွားလာမည်ဖြစ်ပြီး ထုတ်လုပ်မှု အားကောင်းသည့် နွားမျိုးများကို တိုးချဲ့မွေးမြူနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့် တိရစ္ဆာန်များကိုမွေးမြူခြင်းဖြင့် ကြီးထားမှုကောင်းမွန်ခြင်း၊ ထုတ်လုပ်မှုကောင်းမွန်ခြင်း၊ မွေးမြူရသည့် ကာလတိုတောင်းသည့်အတွက် လုပ်အားနှင့်အချိန် လျှော့ချနိုင်ခြင်း၊ ရောဂါဘယဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင် မည်ဖြစ်ကြောင်း၊ မျိုးမြှင့်သားစပ်ခြင်းလုပ်ငန်းကို သဘာဝနည်းဖြင့် မျိုးမြှင့်သားစပ်ခြင်းနှင့် မေထုန်မဲ့နည်းဖြင့်မျိုးမြှင့်သားစပ်ခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ကြိုက်နှစ်သက်ရာ နွားသိုး၏မျိုးရည်ဖြင့် အလွယ်တကူမျိုးမြှင့်သားစပ်နိုင်သဖြင့် နွားပိုင်ရှင်များအနေဖြင့် မျိုးမြှင့်နွားသိုးကို ကိုယ်တိုင်မွေးမြူထားရန်မလိုအပ်ဘဲ ငွေကြေးကုန်ကျမှု အနည်းငယ်ဖြင့် သားစပ်နိုင်ခြင်း၊ မျိုးနွားသိုးထိန်းသိမ်းစရိတ်လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဆက်လက်ပြောကြားသည်။


အဆိုပါ သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းနည်းပြ(၅)ဦးက မေထုန်မဲ့ သားစပ်လုပ်ငန်းသမိုင်း၊ မေထုန်မဲ့သားစပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ နွားမမျိုးပွားမှုဆိုင်ရာဇီဝကမ္မဗေဒ၊ ဇီးစမ်းသပ်ခြင်း၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာ အရည်အသွေးအမြင့်ဆုံးရရှိရန်ဆောင်ရွက်ခြင်း၊ မေထုံမဲ့သား စပ်ခြင်း၊ မျိုးရည်ခဲချောင်း ထုတ်လုပ်ခြင်း၊ နိုက်ထရိုဂျင် အရည်ထုတ်လုပ်အသုံးပြုခြင်း၊ သားစပ်ခြင်း ဆိုင်ရာနည်းလမ်းများ၊ မျိုးနွားသိုး မွေးမြူစောင့်ရှောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာ ရောဂါများ စသည့်အကြောင်းအရာများကို နေပြည်တော် အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးအား စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ(၅)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ကိုကို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)