ကချင်ပြည်နယ်ဝန်ကြီးချုပ် မီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲနှင့် ငှက်ပျော သီးနှံဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP) ပညာပေးသင်တန်းဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲနှင့် ငှက်ပျော သီးနှံဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP) ပညာပေးသင်တန်းဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေး

 


MNP - စက်တင်ဘာ  ၂၇


ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း ဖွင့်ပွဲအခမ်းနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေး အန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအပြင် မိတ်ဖက်အဖွဲ့ အစည်းများအားလုံးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည်များ ပိုမိုတိုးတက် မြင့်မားလာအောင် လေ့ကျင့်သင်ကြား/သင်ယူသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ သင်တန်းတက်ရောက်လာကြသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သင်တန်းသား ၅၀ ဦးတို့က သင်တန်းနည်းပြများ၏ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများတွင် ပိုလန်နိုင်ငံထုတ် Heavy Rescue & Towing Vehicle ယာဉ်ဖြင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ဆီမီးလောင်မှု မီးငြိမ်သတ်ခြင်း၊ အထပ်မြင့်မီးသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ လေ့ကျင့် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးအတွင်း ပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး အဆင့်မြင့်ပစ္စည်း များ ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေ ကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ (၃၂)ခုမှ တာဝန်ရှိသူများအား စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည့် ငှက်ပျောသီးနှံဆိုင်ရာ စိုက်ပျိုး‌ရေး အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ရေး လုပ်ငန်းသည် ပြည်နယ်၏ လယ်ယာထွက်ကုန်ကဏ္ဍတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အထူး သဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျပြီး ယခုအခါ တရုတ်နိုင်ငံ၏ GACC အဖွဲ့တွင် စနစ်တကျ မှတ်ပုံတင်ရန် လိုအပ်ပြီး စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများနှင့် ဌာနဆိုင်ရာအပိုင်းတို့နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (SOP)များကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငှက်ပျောသီးနှံ ဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ စံလုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းက နယ်စပ်ဖြတ်ကျော် အပင်ပိုးမွှားထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။


အဆိုပါ သင်တန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်ထားသော ငှက်ပျောစိုက်ပျိုးသည့်ကုမ္ပဏီ ၃၂ ခုမှ သင်တန်းသားများအား တရုတ်ပြည်သို့ ငှက်ပျောတင်ပို့ရာတွင် တရုတ်ပြည်မှ ကန့်သတ်ထားသော ပိုးမွှား (၇)မျိုး၊ ရောဂါ (၁)မျိုးနှင့် စားသုံးသူ ထိခိုက်စေသော အဆိပ်အတောက်၊ ဓာတုပစ္စည်းများပါဝင်မှု မကျော်လွန်စေရန် ကန့်သတ်ချက်များကို လိုက်နာ နိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် GAP စနစ် ဖြင့် စိုက်ပျိုးနိုင်ရေး ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)