မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ် ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ် ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၉


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ၎င်းသင်တန်းတွင် ဆုရရှိသူများအား ဆုများပေး အပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်က သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်း သားသင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၃ ပတ် ကြာ မြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)