ကန့်ဘလူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသဖွံဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသဖွံဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး



MNP - စက်တင်ဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ၉ နာရီခွဲက လိတ္ထူကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းလင်းအောင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်အခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ ချက်ချင်းညှိနှိုင်းရမည့် လုပ်ငန်းများကို ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကိုလည်း တင်ပြဆွေးနွေးပေးကြရန် ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများအတွက် မိမိတို့ဌာန အလိုက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ကျောင်းဆောင်လိုအပ်မှု၊ ကျန်းမာရေး၊ မီတာများရရှိရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ဓာတ်မြေဩဇာရရှိရေး၊ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးတို့အတွက် တင်ပြကြရာ တာဝန်ရှိသူများက အသီးသီးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကိုင်းတောကျေးရွာမှ ပြည်သူ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)