တံတားဦးမြို့နယ် ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ် ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၉


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ဈေးချိုကျေးရွာ ရတနာပူရစာကြည့်သို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုမောင်က စာကြည့်တိုက်ကော်မတီများအနေဖြင့် မိမိတို့စာကြည့်တိုက် ရေရှည် တည်တံ့ရေး၊ စာအုပ်စာစောင်များတိုးပွားရေး၊ စာငှားစာဖတ်တိုးပွားရေးနှင့် စာအုပ်စာစောင် အလှူရှင်များ အစဉ်တိုးပွားရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး စာကြည့်တိုက်ကော်မတီဝင် ဦးမြင့်ကိုက စာကြည့်တိုက်အတွက် ဆောင်ရွက်ထားရှိမှုတို့တို ပြန်လည် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိက  ရတနာပူရစာကြည့်တိုက်အတွက် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်မှူးက လက်ခံရယူသည်။


အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)