ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ





MNP - စက်တင်ဘာ   ၂၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ နားလီဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံတွင် တောင်သူများအသိပညာဖွံ့ဖိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လောက်ကိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းနိုင်ဝင်းမှ ယာစပါးလေးမျိုးကွင်း သရုပ်ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ဒေသတွင်းရေမြေဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော ယာစပါးမျိုးများကို တောင်သူကိုယ်တိုင် ရွေးချယ်စိုက်ပျိုးနိုင်စေရန်အတွက် ယခုလိုယာစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းခြင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုသို့ယာမျိုးစပါး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်စံကွက်ရိတ်သိမ်းရာတွင် ရက်ပေါင်း ၁၂၀ စိုက်ပျိုးထားရှိသော ယာမျိုးစပါးမျိုးစေ့သစ် IR-82635 ၏စံကွက်မှ စပါးအစို 93.72 နှုန်းနှင့် စပါးအခြောက် 86.16 နှုန်းထွက်ရှိပြီး၏ TP-30672 စံကွက်မှ စပါးအစို 95.70 နှုန်းနှင့် စပါးအခြောက် 87.60 နှုန်း ထွက်ရှိကြောင်း သိရသည်။


ဆက်လက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် အဖွဲ့ဝင်ဦးမောင်မောင်တို့မှ တောင်သူများကိုစိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဇော်မိုးလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများ အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)