MNP ၊ စက်တင်ဘာ ၁၈
နေပြည်တော်၊ သပြေကုန်းဈေးအနီး စားသောက်ဆိုင်တန်းရှိ KRABI BAR တွင် စတိတ်စင်ကို စေတီပုံဖော်ထားခြင်းမှာ သင့်လျော်မှုမရှိကြောင်း ဆရာတော်တစ်ပါး က မိန့်ကြားသည်။
ဆရာတော်က "ဒီကနေ့မှ အဲဒီဘက်ရောက်ဖြစ်လို့ ရုတ်တရက် ကြည့်လိုက်တော့ ဒါဘာလဲပေါ့။ ဘားလို့ ပြောတယ်။ အရှေ့က စတိတ်စင်ပေါ့။ စတိတ်စင်ကို စေတီပုံဖော်ထားတာ တွေ့ရတယ်။ ဒါက မသင့်တော်တဲ့ ကိစ္စလေ။ သီချင်းဆိုတဲ့ စတိတ်စင်ကို ဒီလိုပုံဖော်တာလဲ ဘယ်မှာမှ မတွေ့ဖူးဘူး။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ လုပ်သလဲ ဆိုတာတော့ မသိနိုင်ဘူး။ ဒါက အမြင့်မတင့်တာတော့ အမှန်ပဲ။ ဘားဆိုင် ဆိုတာ သောက်ကြစားကြတဲ့ နေရာပဲ။ သောက်တဲ့စားတဲ့ နေရာနဲ့ သင့်တော်တဲ့ ပုံစံလုပ်သင့်တာပေါ့။ အခုဟာက သောက်စားမူးယစ်တဲ့ နေရာမှာ စေတီပုံဖော်ထားတဲ့ စတိတ်စင်ပေါ်ကနေ ဖျော်ဖြေပေးတယ်ဆိုတာက မလုပ်သင့်တဲ့ အလုပ်ပါ။" ဟု ရှင်းလင်း မိန့်ကြားသည်။
KRABI BAR တွင် စေတီပုံဖော်ဆောင်ထားသော စတိတ်စင်ပေါ်မှ လာရောက်စားသောက်ကြသူများကို ဖျော်ဖြေနေသည့် ရုပ်သံကိုလည်း လူမှုကွန်ရက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment