ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး





MNP - စက်တင်ဘာ   ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံက်(၇:၀၀)နာရီအချိန်က ဆင်တဲစည်ပင်သာယာဈေးရှေ့တွင် ဖြန်းဖြူးရောင်းချပေးလျက်ရှိသည်။


ထိုသို့ရောင်းချပေးရာတွင် ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ စားသုံးဆီ(၅၀)ကျပ်သားလျှင်ငွေကျပ် ၂၇၅၀/-၊ ကြက်ဥ(၁၀)လုံးလျှင်ငွေကျပ် ၁၅၀၀/-၊ ဝတ်သားတစ်ဆယ်သားလျှင် ငွေကျပ် ၁၀၀၀/-၊ အမဲသားတစ်ဆယ်သားလျှင်ငွေကျပ် ၁၀၀၀/- နှင့်ဟင်းသီးဟင်းရွက်များကို ပန်းတောင်းမြို့နယ်အတွင်းရှိ ဆင်တဲကျေးရွာ ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)