ဖြူးမြို့နယ်အတွင်း မြို့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေသည့်အပြင် ကျေးရွာများတွင်ပါ စုရပ်ပြုလုပ်၍ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်အတွင်း မြို့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေသည့်အပြင် ကျေးရွာများတွင်ပါ စုရပ်ပြုလုပ်၍ ဆက်လက်ထိုးနှံပေး




MNP - စက်တင်ဘာ   ၂၅


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာတို့တွင်   ထိုးနှံပေးလျက်ရှိရာ ကျေးရွာဒေသများမှ လာရောက်ထိုးနှံရန် အခက်အခဲမရှိစေရေးအတွက်ရည်ရွယ်ကာ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီး ကျေးရွာတိုက်နယ်ဆေးရုံတွင် စုရပ်ထား၍ ဆက်လက်၍ထိုးနှံပေးခဲ့ရာ ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာ တိုက်နယ်ဆေးရုံတွင်စုရပ်ထား၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌဗိုလ်မှူးလှမိုးသိန်းနှင့်အဖွဲ့ဝင်များက ဝဲကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အသက်(၁၂)မှအသက်(၁၈)နှစ်အထက်နှင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၃၀၀)ဦးကျော်ခန့်အား Second Booster Dose  ကာကွယ်ဆေးထိုးနှံပေးမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များအား ဆက်လက်ကြိုတင်ကာကွယ်နိုင်ရေး  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဆရာမများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်း၊ စာရင်းကောက်ခြင်း၊ အလှည့်ကျအမည်ခေါ်ပေးခြင်းနှင့် ဆေးထိုးပြီးပါကခေတ္တနားစေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)