တာချီလိတ်မြို့၌ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်းနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများကိုရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်းနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများကိုရောင်းချပေး

 



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံဘုရားကြီးကျောင်းသို့ တပ်နယ်မိသားစုမှ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်းနှင့် တန်ဖိုးသင့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၈ နာရီခွဲ အချိန်က စတင်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့် တပ်နယ်မိသားစုဝင်များသည် ရန်အောင်မြေပါလျှံဘုရားကြီးကျောင်းသို့ ဆွမ်းဆန်စိမ်းများ လှူဒါန်းပေးခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ် အသားဗူး၊ ငါးဗူးများ၊ ဂျုံခေါက်ဆွဲထုပ်များနှင့် မုန့်မျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။


ဆက်လက်၍ ပြည်သူများအတွက် တန်ဘိုးသင့် အသား၊ ငါးများနှင့် တပ်မတော်စက်ရုံထုတ် အစားအစာများကို အောက်တိုဘာ ၅ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ယာဆေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)