MNP - စက်တင်ဘာ ၂၉
ခွေးရူးရောဂါကြောင့် သေဆုံးမှုများ မရှိစေရေးအတွက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၌ မြို့နယ်တွင်းရှိ ခွေး၊ ကြောင်များအား ယမန်နေ့ နံနက်(၈)နာရီတွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့သည်။
ထိုးနှံပေးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်းနှင့် အဖွဲ့မှ ခွေး(၇၄)ကောင်နှင့် ကြောင် (၂၆)ကောင်အား အခမဲ့ထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက် လာသည့် တိရိစ္ဆာန်ပိုင်ရှင်များအား ခွေးရူးရောဂါကာကွယ်ရေး ဆိုင်ရာများအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment