ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စု၌ နေကြာမျိုးစေ့ထောက်ပံ့ခြင်းနှင့်နေကြာစံပြကွက်စိုက်ပျိုးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စု၌ နေကြာမျိုးစေ့ထောက်ပံ့ခြင်းနှင့်နေကြာစံပြကွက်စိုက်ပျိုးခြင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၉


ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ခြင်းကို ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က မုန်းကွန်ကျေးရွာ စုပေါင်းခန်းမတွင် ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်၊ မြို့နယ်ဦးစီးမှူးဦးချိုလေးနှင့်ဝန်ထမ်းများ၊ ပန်လုံမြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်တောင်သူများတက်ရောက်ခဲ့ကြသည်။


ထို့နောက် မုန်းကွန်ကျေးရွာအုပ်စုရှိ နေကြာစိုက်တောင်သူများကို တစ်ဧကလျှင်မျိုးစေ့(၄) ပြည်နှုန်းဖြင့် (၁၀)ဧကအတွက် ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မုန်းကွန်ကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်ဝေ၏ လယ်မြေ(၁)ဧကတွင် နေကြာစံပြကွက်ကို ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်နှင့်ဝန်ထမ်းများက လက်တွေ့သရုပ်ပြ စိုက်ပျိုးပေးခဲ့သည်။


နေကြာကို စာသုံးဆီဖူလုံမှုရှိစေရန် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုစိုက်ပျိုးသည့် နေကြာသည် အိန္ဒိယမျိုးစေ့ဖြစ်ကာ သီးထပ်၊ သီးညှပ်အနေဖြင့် အချိန်ကုန်သက်သာစွာစိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကတွင် နေကြာမျိုးစေ့(၄)ပြည်စိုက်ပျိုးလျှင် တင်း(၃၀)မှ (၄၀)ထိ ထွက်ရှိနိုင်ပါကြောင်း၊ နေကြာ(၁)တင်းလျှင် ဆီ(၃)ပိသာနှင့်(၅၀) သားခန့် ထွက်နိုင်ကြောင်း၊ နေကြာတင်း(၃၀)လျှင် ဆီ(၉၀)မှ (၁၀၀)ပိသာထိ ထွက်နိုင်သောကြောင့် လူတစ်ဦးလျှင် (၁)နှစ်အတွက် (၆)ပိသာနှုန်းဖြင့် ဆီစားသုံးပါက တစ်ဧက၏ ဆီအထွက်နှုန်းသည် လူ(၁၅)ဦး အတွက် စာသုံးဆီဖူလုံနိုင်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)