ပင်လုံမြို့တွင် မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ အုပ်စုမဲနှိုက်ရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့တွင် မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ အုပ်စုမဲနှိုက်ရွေးချယ်

 


MNP - စက်တင်ဘာ   ၂၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ၂၀၂၂ ခုနှစ် ပင်လုံမြို့ မိုးရာသီဖလားရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးရာဇာအောင်၊ ပင်လုံနယ်မြေရဲစခန်းမှူးဦးတင်မိုးလှိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးရာဇာအောင်က မြို့နယ်အတွင်း လူငယ်အားကစားသမားကောင်းများဖော်ထုတ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရေးနှင့် မြို့နယ်လက်ရွေးစင်ကစားသမားများ ရွေးချယ်နိုင်ရေးတို့အတွက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် အားကစားမှူးဒေါ်မိုးမိုးအေး က ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။


ဆက်လက်၍ တက်ရောက်လာကြသူများက မိုးရာသီဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။


အဆိုပါ မိုးရာသီဖလား  ရပ်ကွက်နှင့်  ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ကျင်းပ၍ ပင်လုံမြို့ရပ်ကွက်(၁)နှင့် ချယ်ရီမြေအသင်းတို့က အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း( ၁၃ )သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)