ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ငွေများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ငွေများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်




MNP - စက်တင်ဘာ  ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမူရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပင်စုံကျေးရွာအုပ်စုအတွင်းရှိ  အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၇)ဦးတို့အား လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။


လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုး အဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမူရေးပင်စင်များထောက်ပံ့ငွေများကို တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွင်း ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လူမူရေးပင်စင်အကျိုးခံစားခွင့်ရရှိသည့် အသက်(၈၅)နှင့်အထက် အဘိုး(၅)ဦး၊ အဘွား(၁)ဦးနှင့် သံဃာတော်(၁)ပါးတို့အား  ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် နှစ်သိန်းတစ်သောင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)