မြောင်းမြမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးနှံ



MNP - စက်တင်ဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြောင်းမြမြို့နယ်အတွင်းရှိ   ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းများသို့ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက် ၅နှစ်မှ ၉နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရပြီး၊ ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၄၂၇၀ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)