သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတို့ကို လူမှုရေးပင်စင် ငွေနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတို့ကို လူမှုရေးပင်စင် ငွေနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်

 


MNP - စက်တင်ဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၅၉)ဦးတို့ထဲမှဘိုးဘွား(၇)ဦးတို့အား လူမှုရေးပင်စင်ငွေ နှင့်ကြက်ဥများကို မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုး‌ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့က ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က သက်ကြီးဘိုးဘွားများ လက်ဝယ်သို့ပေးအပ်ထောက်ပံ့ကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်(ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ)သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀,၀၀၀ နှုန်းဖြင့်(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွား (၈၅၉)ဦး တို့အတွက် ငွေကျပ်၂ ၅,၇၇၀,၀၀၀၊ ၎င်းတို့အထဲမှ သက်ကြီးဘိုးဘွား(၇)ဦးတို့ အတွက် ထောက်ပံ့ငွေ တစ်ဦးလျင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့်စုစုပေါင်း၂၁၀,၀၀၀ ကျပ်နှင့်မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်တို့မှ သက်ကြီး ဘိုးဘွားတစ်ဦးလျင် ကြက်ဥ(၁၀)လုံးစီ လက်ဝယ် အရောက်ပေးအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)