စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း




MNP ၊ စက်တင်ဘာ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊  ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန်၊ ပင်လယ်ကြီးအခြေပြု အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း နှင့်င့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော် (၁)အိတ်၊ ဆီ (၁၀)ပိဿာ၊ ဆား (၅)ပိဿာ၊ ကုလားပဲ (၁၀)ပြည်၊ Mask (၁)ဖာ၊ အချိုရည် (၃၆) ကတ်၊ မုန့် (၈)ဖာ ၊ စုစုပေါင်း (၇၃၆၆၀၀) ကျပ် တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တ ထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာများ ချီးမြှင့်ဟောကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၄၄၉)ဦးအား ဆရာ/ဆရာမ (၅)ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)