ဟုမ္မလင်းမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဘွဲ့(BEd )(၅)နှစ် သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဘွဲ့(BEd )(၅)နှစ် သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆို




MNP - စက်တင်ဘာ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်၊ စစ်ကိုင်း)နှင့်ပညာရေးဘွဲ့ (BEd )(၅)နှစ် သင်တန်းအမှတ်စဉ်(၁၀)အတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁)ကျောင်း၌ ဖြေဆိုခဲ့ကြောင်းသိရသည်။


(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd)(၅)နှစ်သင်တန်းအမှတ်စဉ်(၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင် ဟုမ္မလင်းမြို့နယ်မှ ဖြေဆိုသူ(BEd)(ကျား-၂၂)ဦး၊ (မ-၁၀၆)ဦး ပေါင်း(၁၂၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်နှင့်စစ်ကိုင်း)အတွက် ဖြေဆိုသူ(ကျား-၁၄)ဦး၊(မ-၂၄)ဦး ပေါင်း(၃၈)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။


ထိုသို့ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်တို့က ကျောင်းသား/သူများ၏ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သတင်း - လင်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)