ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေလှူဒါန်း



MNP - စက်တင်ဘာ  ၂၅


မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန်အတွက်  ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူငွေများသွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ အသက် ၇၄ နှစ်အရွယ် အဘွားဒေါ်ဆယ်တင်အား စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တောင်ကြီးမြို့မှ အလှူရှင်ဦးညီညီအောင်-ဒေါ်တင်တင်ဦး မိသားစုက နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေကျပ် တစ်သိန်းခွဲ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရကာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းက ကျေးရွာရပ်မိ ရပ်ဖများနှင့်အတူ အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ပြီး အဘွားဒေါ်ဆယ်တင်ထံသို့ အလှူငွေများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။


ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသော ဝင်ငွေနည်း အိမ်ထောင်စုများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလ  စားဝတ်နေရေး အဆင်ပြေစေရန်နှင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ‌ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခြင်း၊ ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေအိမ်ပြုပြင်ဆောက်လုပ် လှူဒါန်းခြင်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် သက်ကြီးဘိုးဘွားများအတွက် လူနေအိမ်ပြုပြင်ဆောက်လုပ်လှူဒါန်းပေးမှုအနေဖြင့် လူနေအိမ်အလုံး ၅၀ ခန့် ပြုပြင်လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ တစ်ကိုယ်တော်ပရဟိတအသင်းမှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ပြောကြားသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)