ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲကျင်းပ

 




MNP - စက်တင်ဘာ   ၁၉


မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အထကကျောင်းခန်းမတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေလယ်(၂)နာရီက ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် အကျိုးရရှိမှုအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများက ပြည်သူများအား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။


ပေးအပ်ရာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (၄၆) စောင်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၈၅)ကတ်ကို ပထော်ကျေးရွာနှင့် ပထက်ကျေးရွာပြည်သူများဖြစ်ပြီး မအိုင်ကျေးရွာအုပ်စုအတွင်း ကျန်ရှိနေသော ကျေးရွာများကို ကျွန်းစုမြို့နယ်လဝကဦးစီးမှူး၏ ဦးဆောင်မှုဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - အေးသန္တာဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)