ဘီးလင်းမြို့နယ်အတွင်းရှိ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာ အိတ်များဈေးနှုန်းချိုသာစွာဖြင့် ဒုတိယအကြိမ်ထပ်မံရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်အတွင်းရှိ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာ အိတ်များဈေးနှုန်းချိုသာစွာဖြင့် ဒုတိယအကြိမ်ထပ်မံရောင်းချပေး


MNP ၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းရှိ  တောင်သူဦးကြီးများ  မိုးစပါးသီးနှံ စိုက်ပျိုးမှု နှင့် အခြား စိုက်ပျိုးရေးကဏ္ဍများ၌ အသုံးပြု နိုင်ရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း မှ ထုတ်လုပ်သည့်  ယူရီးယား ဓါတ်မြေသြဇာ အိတ်များကို မွန်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့်  စက်တင်ဘာ ၁၆ ရက်နေ့ မှ စတင်ကာ  ဈေးနှုန်းချိုသာစွာ ဒုတိယအကြိမ် ဖြန့်ဝေရောင်းချပေးလျှက်ရှိသည်။

ဒေသခံတောင်သူများ အနေဖြင့်  မိမိ တို့လယ်ယာမြေ များတွင် လိုအပ်သည့် ယူရီးယားဓါတ်မြေသြဇာများကို တစ်အိတ်လျှင်သုံးသောင်းကျပ်ဖြင့် သယ်ယူ ပို့ဆောင်ခနှင့်အလုပ်သမားခများကို ဝယ်ယူသူမှကျခံစေပြီး မြို့နယ် ယူရီးယား မြေသြဇာ ဝယ်ယူဖြန့်ဖြူးရေးအကောင်အထည်ဖော်ရေးကော်မတီမှ ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

 ဘီးလင်းမြို့နယ်၌ ဒုတိယအကြိမ် ဓါတ်မြေသြဇာအိတ်များ ဖြန့်ဝေပေးရာ တွင် ကျေးရွာအုပ်စု ၂၄  စု မှ စပါးစိုက်တောင်သူ ၉၁၆ ဦး၏ စိုက်ဧက (၆၁၁၈) ဧကအတွက် ဓါတ်မြေသြဇ အိတ် (၁၁၂၁ )အိတ်ကိုမြို့နယ်ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရေး အကောင်အထည်ဖော်ရေး ကော်မတီမှ  ဆက်လက်ဖြန့် ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး မှ သိရသည်။

 

ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)