ကရင်ပြည်နယ် မြေအသုံးချမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် မြေအသုံးချမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၂၂


ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းမြေယာများကို စနစ်တကျ အသုံးချနိုင်ရေးသည် အရေးကြီးပြီး စီမံခန့်ခွဲရာတွင် သတ်မှတ်ရေးဆွဲထားသော ဥပဒေနှင့်အညီ အသုံးချခွင့်ရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားမြေ အသုံးချမှုဥပဒေကို ပြဋ္ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က မြေအသုံးမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာနတို့မှ အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည့် အချက်အလက်များအား ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များ၊ ကိုယ်စားလှယ်များက ဝိုင်းဝန်း အကြံပြုဖြည့်စွက်ဆေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)