MNP - စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ကျင်းပသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားရာ၌ ဌာနဆိုင်ရာအကြီးအကဲများအားလုံးအနေဖြင့် မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ကွင်းဆင်းသွားမည်ဆိုပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မိမိတို့ ရုံးတွင်းရုံးပြင်သန့်ရှင်းရေးများ ပြုလုပ်ကြရန်၊ ရုံးများအားလုံး ဖွင့်လှစ်ကြရန်၊ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရန်၌ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအားလုံး အချင်းချင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများကမိမိတို့၏ ဌာနလုပ်ငန်းလုပ်ဆောင်ချက်အသီးသီးအား တင်ပြဆွေးနွေးကာ မြို့နယ်စီမံအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများတို့က တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - သိန်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment