ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် အခြေခံ စားသောက်ကုန်(၃)မျိုးကို ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် အခြေခံ စားသောက်ကုန်(၃)မျိုးကို ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ



MNP - စက်တင်ဘာ  ၂၈


ပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရရှိ၍စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား အ‌ခြေခံစားသောက်ကုန်(၃) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက  အမှတ် ၂ ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စုများအား ဆန် ၁၀ အိတ်၊ ကြက်ဥ ၄၈၀ လုံးနှင့် ကြက်သွန်နီ ၃၀ ပိဿာတို့ကို  ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်းချပေး ခဲ့ကြောင်း သိရသည်။


ထိုသို့ အခြေခံစားကုန်များ ရောင်းချခြင်းကို ကျုံပျော်မြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျှက်ရှိပြီး၊ ကျုံပျော်မြို့ရှိ ပင်လုံ၊ တေဇ၊  မြဝတီနှင့် အောင်ဆန်း ရပ်ကွက်များတွင်၎င်း အထောင်မြို့ရှိ ရပ်ကွက် အသီးသီးတွင်၎င်း၊ မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု များတွင်၎င်း လိုက်လံဆောင်ရွက် ပေးလျှက်ရှိကာ လာရောက် ဝယ်ယူကြသူများကလည်း ဝမ်းမြောက်လျှက် ရှိကြကြောင်းသိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)