နေပြည်တော် မှ မဘသ ဆရာတော်များနှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ စုပေါင်း၍ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်၊ ဆီနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် မှ မဘသ ဆရာတော်များနှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ စုပေါင်း၍ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်၊ ဆီနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်း








MNP ၊ စက်တင်ဘာ ၁၆

အမျိုးသားရေးဦးဆောင်ဆရာတော် ဦးစီးတည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအတွက် နေပြည်တော် မှ မဘသ ဆရာတော်များနှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများက ဆန်၊ ဆီနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မဘသ ဆရာတော်များ ဦးဆောင်၍ ဆန်အိတ် (၇၀) ကို ကျောင်းတိုက်သို့ သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ပြီး ဆန်နှင့် ဝတ္ထုငွေတို့ကို ဆရာတော်ထံ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသည် နှစ်စဉ် ကျောင်းသား/ကျောင်းသူများ ကို နေစားငြိမ်း အခမဲ့ ပညာသင်ကြားပေးနေခြင်းဖြစ်ပြီး ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ဦးရေ များပြားလာခြင်းကြောင့် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အားဖြည့် လှူဒါန်းထောက်ပံ့ပေးလျက်ရှိရာ နေပြည်တော်မှ ဆရာတော်များက ဦးဆောင်၍ သွားရောက် လှူဒါန်းထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။

သာသနာ ပညာ ယဉ်ကျေးမှု၊ ကောင်း တော် ယဉ်အောင်ပြု ဟူသော ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်ကလေးငယ်များ ကို နေစားငြိမ်း ပညာသင်ကြားပြုစုပျိုးထောင်ပေးလျက်ရှိသော မင်းကွန်းပုထိုးတော်ကြီးပညာရေး အကယ်ဒမီကျောင်းသို့ ဆက်သွယ်လှူဒါန်းလိုပါက ကျောင်းအုပ်ဆရာတော် ဖုန်း - 09781513980 ၊ တာဝန်ခံဆရာတော်  ဖုန်း - 09445580969 ၊ Admin ဆရာတော် ဖုန်း - 09697866969 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)