ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ သူများအား ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ သူများအား ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး





MNP - စက်တင်ဘာ  ၂၉


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက တောင်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများအား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဖားဆောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူးဦးမိုးကျော်ဦးက ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသော အသက်(၁၀)နှစ်ပြည့် နိုင်၃(က)ပြုလုပ်သူ ကျောင်းသား(၁၆)နှင့်ကျောင်းသူ(၃၁)ဦး စုစုပေါင်း(၄၇)ဦးတို့ကို အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အလားတူ စက်တင်ဘာလ(၂၃)ရက်နေ့ကလည်း မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသော နိုင်၃(က)ပြုလုပ်သူကျောင်းသား(၂၃)ဦးနှင့် ကျောင်းသူ(၂၆)ဦးစုစုပေါင်း(၄၉)ဦးတို့ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများဆောင်ရွက်ပေးနေ့မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့်ကျောင်းတာဝန်ခံဆရာ၊ ဆရာမများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)