ဖားဆောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ




MNP - စက်တင်ဘာ   ၂၉


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသီဟအောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းအဆိုပြုချက်များကို နောက်ဆက်တွဲ(က)၊ နောက်ဆက်တွဲ(ခ)ပုံစံများမှ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာသည့် လုပ်ငန်းများအားလုံး အချိန်မီရေးဆွဲ၍ ခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီသို့ တင်ပြနိုင်ရေးရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဌာနတစ်ခုချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီမှ စိစစ်လျာထားခြင်းများဆောင်ရွက်ခဲ့ကြသည်။


အဆိုပါညှိနှိုင်းစည်းဝေးသို့ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုစုပေါင်းအင်အား(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)