ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကျင်းပ

 




MNP - စက်တင်ဘာ  ၂၉


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်နယ်စားသုံးသူရေးရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်း များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကော်မတီ ဝင်များမှ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးကြရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အစည်းအဝေးသို့ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက်ချမှတ်ကာ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။   


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)