ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၁၈


၂၀၂၂ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ မြရည်နန္တာလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အသင်းခွဲရုံး၌ ကျင်းပကြောင်း သိရှိရသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာကို အသင်းခွဲဥက္ကဋ္ဌ ဦးဝင်းဇော်မောင်က ဖတ်ကြားပြီး မြို့နယ်တပ်ခွဲမှူး ဦးဆန်းလွင်ဦးက အခမ်းအနားပြုလုပ်ရခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားကာ သရုပ်ပြအဖွဲ့ များက သရုပ်ပြသတင်ဆက်ပေးကြကြောင်း သိရသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး ကြက်ခြေနီလုပ်ငန်းများ၊ Project လုပ်ငန်းများ၊ ရုံးလုပ်ငန်းများနှင့်  Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အရာရှိတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဂုဏ်ပြုလက်မှတ် ရရှိသူများ ကိုယ်စား အရာရှိတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကြောင်းသိရသည်။


 အခမ်းအနားသို့ တိုင်းကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး ဒုတိယတန်း(လေ့ကျင့်)၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များ စုစုပေါင်း(၆၀)ဦး တက်ရောက်ကြောင်း မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးမှ သိရှိရသည်။


သတင်း - သန်းသန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)