လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၈၀၀ ကျပ်ဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၈၀၀ ကျပ်ဖြင့် ရောင်းချ



MNP - စက်တင်ဘာ   ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ (၁) ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် ယနေ့မွန်းလွဲ(၁၂)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်များမှာ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် လက်လီလက်ကားလာရောက် ရောင်းချပေးခြင်းဖြစ်ကြောင်း ၊ စားသုံးသူ မိဘပြည်သူများ ပြေလည်စေရန် ရည်ရွယ်၍ လာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)