စလင်းမြို့ မြင်တင်ရပ်မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်းအခမ်းအနား - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့ မြင်တင်ရပ်မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်းအခမ်းအနား

 


MNP - စက်တင်ဘာ   ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နက်တော်စိုက်ထူခဲ့ကြောင်း သိရှိသည်။


စလင်းမြို့နယ် မြင်တင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်း အခမ်းအနားသို့ စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူး ကျော်ခိုင်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းဇော်နှင့်ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး မင်္ဂလာအချိန် ကြရောက်သည့် နံနက် ၉ နာရီအချိန်က ပန္နက်တော် စိုက်ထူခြင်း၊ အမွှေးနံသာများ ပက်ဖြန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဏာနှစ် ဘားချက်ဖြင့် (အလျား ၆၀ပေ x အနံ ၃၀ ပေ ) ဖြင့် (RCC) တစ်ထပ်ကျောင်းဆောင်သစ်အား စလင်းမင်းရွှေတောင်ကုမ္ပဏီလီမိတက်မှတာဝန်ယူဆောက်လုပ်မည်ဖြစ်သည်။ ဆက်လက် ၍ ပန္နက်တော်စိုက်ထူခြင်းအမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ကြကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)