မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီလင်းဇွဲကျေးရွာ အ‌ခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီလင်းဇွဲကျေးရွာ အ‌ခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်



MNP - စက်တင်ဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာအုပ်စု၊ မဲဇလီလင်းဇွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဲဇလီလင်းဇွဲကျေးရွာ အထက်တန်းကျောင်းခွဲ အရှေ့မျက်နှာစာ၌ ကျင်းပသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားသို့  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ ယာယီတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းထွန်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ အဖွင့်အမှာစကား ပြောကြားကာ ကျောင်းအုပ် ဆရာမကြီးမှ ကျောင်းသမိုင်းဖတ်ကြား၍ ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူးမှ ကျောင်းတံဆိပ်တုံးအားပေးအပ်ခဲ့သည်။


ဆက်လက်‌၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက မူးယစ်ဆေးဝါး အန္တရာယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာများ အ‌ကြောင်း၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်မှ တိုင်းရင်းဆေးနည်းတိုများအ‌ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျောင်းစာကြည့်တိုက် အတွက် ရသစာအုပ်များလှူဒါန်းခြင်း၊ အားကစားပစ္စည်းများ လှူဒါန်းခြင်းနှင့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ကုသပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)