ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာနဝန်ကြီး မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာနဝန်ကြီး မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ



MNP -  စက်တင်ဘာ   ၂


ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်သည် မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် တွေ့ဆုံသည်။


တွေဆုံပွဲတွင် သယံဇာတဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာမှ သစ်တောဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်မှ လျှပ်စစ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းမှ စည်ပင်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်မှ ၂၀၂၂-၂၀၂၃ ဆောင်း သီးနှံသီးထပ်၊ သီးညှပ်(နေကြာ) စိုက်ပျိုးမည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသည်များမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မိုးကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် လျှပ်စစ်ဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)