မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်း



MNP ၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ တွင် ရန်ကုန်မြို့ရှိ  Asia World Port Terminal ၌ ကျင်းပသည်။


အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။


ထို့နောက် သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်ရေး စီစဉ်ဆာင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌထံသို့ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့်တာဝန်ရှိသူများကို အထူး‌ကျေးဇူးတင်ရှိ ပါကြောင်း၊ စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ လတ်တလော အခြေအနေတွင် ယခုကဲ့သို့ လှူဒါန်းခြင်းသည် များစွာအထောက်အကူဖြစ်ပါကြောင်း၊ လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)