MNP - စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဓာတ်မှန်ဆောင် ဆောက်လုပ်ရန်ပန္နက်တင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါဓာတ်မှန်ဆောင် ဆောက်လုပ်ရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၂၇ ပေ၊ အနံ ၂၈ ပေ RC တစ်ထပ်ဆောင် ဆောက်လုပ်မှာဖြစ်ပြီး အောင်ဇေဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြာင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment