ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအရောက် သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

 




MNP - စက်တင်ဘာ    ၂


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်/ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကံကလေးအုပ်စု သစ်စင် (မြောက်စုရွာ) ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များသည် ကံကလေးကျေးရွာအုပ်စု သစ်စင် (မြောက်စု)ရွာနေ ဆင်းရဲနွမ်းပါးသက်ကြီးအဖွား ဒေါ်မကြွေ ထံသို့ သွားရောက်၍ ဝန်ကြီးချုပ်မှ  ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ (၅၀၀၀၀၀)ကျပ်နှင့် ဆန်အိတ် တစ်အိတ်၊ ဇီးကုန်းမြို့နယ် စားသုံးဆီကုန်သည်ကြီးများအသင်းမှ ဦးမောင်မောင်ဆွေမှ စားသုံးဆီ ၅ ပိဿာတစ်ပုံးတို့အား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)