စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP - စက်တင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မိုးစပါးနွေစပါး စိုက်ဧကများပြည့်မှီရေး အထွက်နှုန်းများတိုးတက်ရေး၊ ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ဧက များရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးဆောင်ရွက်ရေး၊ ဆောင်းသီးနှံ စိုက်ချိန်အမှီ မျိုးစေ့ရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရေး၊ နေကြာဆီ ကြိတ်ရန်ဆီစက်များကို ကြိုတင်ပြင်ဆင်ထားရှိရေး၊ သီးနှံများကို မျိုးကောင်းမျိုးသန့်များကိုသာ စနစ်တကျ တိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ စိုက်ခင်းများတိုးချဲ့ ဆောင်ရွက်ရေးတိူ့ကို တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ မိတ်ဖက်ဌာနများ ဖိတ်ကြားထားသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)