အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေး

 



MNP - စက်တင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဌာနဆိုင်ရာများအ‌‌နေဖြင့် ရုံးလုံခြုံရေး အထူးဂရုပြုရန်၊ ရုံးများတွင် လုံခြုံရေး CCTV များ တပ်ဆင်ကြရန်၊ စစ်ကြောင်းကြီး (၅)ကျောင်း လှုပ်ရှားမှု အနေဖြင့် သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ရန်၊ စုပေါင်းသန့်ရှင်းရေး အပတ်စဉ်ဆောင်ရွက်ရာတွင် ပြည်သူပါဝင်နိုင်ရေး စည်းရုံးဆောင်ရွက်ရန်လိုကြောင်း၊ နေကြာစိုက်ပျိုးမှုစာရင်းများ အချိန်မီပြုစုရန်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နယ်ဝေးရောက်ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်ဖို့လိုကြောင်း ဝန်ထမ်းများ ၏ လုံခြုံရေး၊ မိမိတို့၏ ရုံးဌာနများ လုံခြုံရေးအထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှု၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။


သတင်း - ဌေးဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)