ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်း(၁၀)မျိုး ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်း(၁၀)မျိုး ပေးအပ်လှူဒါန်း




MNP - စက်တင်ဘာ   ၁၇


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီအဖွဲ့နှင့် ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်း(၁၀)မျိုး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ ပေးအပ်လှူဒါန်းရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတနင်္သာရီတိုင်းဒေသကြီး(ထားဝယ်ရုံး)မှ ဦးချမ်းမြေ့သူက  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်း(၁၀)မျိုးဖြစ်သည့် Oximeter၊ Battery Oximeter၊ Surgical Mask၊ Surgical Gown၊ Disposable Surgical Cap၊ KN 95 Mask၊ Gloves(Box)၊ Hand Spray (500ml)၊ Hand Gel(500ml)၊ Hand Gel Stand တို့အား ပေးအပ်လှူဒါန်းရာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်မျိုးထွန်းတို့မှ လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)