ကျိုင်းတုံမြို့နယ်တွင် ဝါတွင်းသုံးလကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ဝါတွင်းသုံးလကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ



MNP -  စက်တင်ဘာ   ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျုင်းတုံမြို့တွင် ဝါတွင်းသုံးလကာလအတွင်း ဥပုသ်နေ့တိုင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရပ်တော်မူဘုရားကြီးနှင့် မဟာမုနိဘုရားကြီးတို့မှာ ဆွမ်းလောင်းစုရပ်သတ်မှတ်ပြီး တစ်လှည့်စီကျင်းပလျက်ရှိရာ ယနေ့ နံနက် ၆ နာရီက ရပ်တော်မူဘုရားကြီး၌ ကျင်းပသည်။


စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော် ၂၇၀ ပါး၊ သီလရှင် ၂၉ ပါးတို့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊  ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဒေသခံပြည်သူများ က လောင်းလှူကြသည်။


ကျိုင်းတုံမြို့၌ ဝါတွင်းသုံးလကာလအတွင်း ဥပုသ်နေ့တိုင်း စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရပ်တော်မူဘုရားကြီးနှင့် မဟာမြတ်မုနိဘုရားကြီးတို့မှာ ဆွမ်းလောင်းစုရပ်သတ်မှတ်ပြီး တစ်လှည့်စီကျင်းပလျက်ရှိရာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ နှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)