ပန်းတောင်းမြို့နယ်တွင် မြို့နယ် သာသနာဗိမာန်တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် မြို့နယ် သာသနာဗိမာန်တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သာသနာဗိမာန် တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံက် ၇ နာရီ အချိန်က ဝန်လိုရပ်ကွက် ပေါ်တော်မူဘုရား၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ဂေါပကအဖွဲ့များက နမောတဿ (၃)ကြိမ် ရွတ်ဆိုပြီး၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်အောင်မြေ ဘုံဈာန် ဆရာတော်ထံမှ ငါးပါးသီလခံယူကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက သာသနာဗိမာန် တည်ဆောက်ရခြင်းအကြောင်းများကို လျှောက်ထားတင်ပြခြင်း၊ မြို့နယ် ဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်ကသာ သနာဗိမာန် တည်ဆောက်သွားမည့် အစီအစဉ်များကို တင်ပြလျှောက်ထားခြင်း၊ သြဝါဒစရိယ ဆရာတော်ကြီးများက သြဝါဒချီးမြှင့်ခြင်း၊ သံဃာတော်များအား လူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပန္နက်တင်မည့်နေရာတွင် ဆရာတော်ကြီးများက ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)