မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး



MNP - စက်တင်ဘာ   ၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ် မိုးနှောင်း ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ  လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်သည့်နေရာမှာ တစ်ဧက အထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါကို မိုးကြိုနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး ၂၀၂၂ -၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ညောင် မြင့်၊ ကွက်ငယ်၊ ကန်တောင်၊ ဝါးရုံ၊ ရေချိုကျေးရွာများရှိ ကွင်း(၁၀)ကွင်းမှ တောင်သူ ၈၅ ဦးက မျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက ၁၇၇ ဧကကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းမျိုးစေ့ထုတ် မိုးနှောင်းချည်မျှင် ရှည်ဝါများကို ဇူလိုင်လ တတိယအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ရွှေတောင် -၈ နှင့် ရွှေတောင် -၁၀ ဝါမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


အဆိုပါမျိုးစေ့ထုတ်မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းကို နားလည်တက်ကျွမ်းပြီး ကိုယ့်မျိုးကိုထားသည့် စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ် လုပ်နိုင်စေရန် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ပညာပေးသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)