ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး




MNP - စက်တင်ဘာ   ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူ များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက် မတည်လည်ပတ်ငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများအား ယနေ့နံနက် ၁၀ နာရီက အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ အေအဆင့်(၂၃)ဦးအား ငွေ (၆၉၀၀၀၀၀) ကျပ်၊ ဘီအဆင့်(၅၆)ဦးအား ငွေ(၁၄၀၀၀၀၀၀)ကျပ်စီ အဆင့်(၁) ဦးအား ငွေ(၂၃၀၀၀၀)ကျပ်၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ အေအဆင့်(၁၃၄ )ဦးအား ငွေ(၂၉၄၈၀၀၀၀) ကျပ်၊  ဘီအဆင့် (၂)ဦးအား ငွေ(၂၀၀၀၀၀)ကျပ်၊ စုစုပေါင်းငွေ (၅၁၀၁၀၀၀၀)ကျပ်အား မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက ထုတ် ချေးပေးခဲ့ကြောင်း သိရသည်။


ရန်ပုံနှစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို (၂၀၁၅)ခုနှစ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန စတင်ထုတ်ပေးခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် (၁)ရွာ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် (၁၃)ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၈)ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် (၆)ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၅)ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၃)ရွာထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)