MNP - စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပုဂံမြို့ ရပ်ကွက်များတွင် ရောင်းချပေးနေကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်း ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ပုဂံမြို့ အနော်ရထာရပ်သင်္ဃရပ်၊ ပိုက်သေလည်ရပ်၊ နရသင်္ခရပ်၊ ပုဂံမြို့ ကျန်စစ်သားရပ်သမုဒရစ်ရပ်၊ ပျူစောထီးတောင်ရပ်၊ ပျူစောထီးမြောက်ရပ် အစရှိသည့်နေရာများတွင် Mobile ကားဖြင့် လိုက်လံရောင်းချပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် စားအုန်းဆီပိဿာချိန် ၆၆၀ ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment