ဒုံဝန်းကျေးရွာတွင် သံဃာအပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပြီး ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာတွင် သံဃာအပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပြီး ဆွမ်းဆက်ကပ်လှူဒါန်း



MNP - စက်တင်ဘာ   ၂


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့ ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်လာသည့် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်မှ စာသင်သား ရဟန်း၊ သာမဏေ သံဃာတော် ၄၀၀ ကျော်တို့အား ယနေ့နံနက်ပိုင်းက ဒုံဝန်းကျေးရွာ၊ ရတနာဇေယျုံကျောင်းတိုက်၌ ကျေးရွာနေ အလှူရှင်များက ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကျေးရွာနေပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။


စာသင်သား သံဃာတော်များအား ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်မှ အလှူရှင်များ က ဆွမ်းဆပ်ကပ်ခြင်းနှင့် ဆွမ်းဆန်တော် ၂၁ အိတ်၊ ဆီ ၁ ပုံးတို့ကို စုပေါင်းလှူဒါန်းခဲ့ပြီး သံဃာတော် ၄၀၀ ကျော်တို့က ကျေးရွာအတွင်း လှည့်လည်အလှူခံတော်မူကြရာ ရပ်ကွက် အသီးသီးမှ ပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြ သည်။


သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်တွင် ယခုစာဝါနှစ်၌ စာသင်သား ရဟန်း၊ သာမဏေ သံဃာတော် အရှင်သူမြတ် စုစုပေါင်း ၅၀၁ ပါး သီတင်းသုံးကာ ပရိယတ္တိစာပေများကို လေ့လာသင်ယူလျက်ရှိပြီး နှစ်စဉ်ဝါတွင်း လေးလ၌ လဆန်း ၈ ရက်နေ့တိုင်း ဒုံဝန်းကျေးရွာသို့ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်လေ့ရှိကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)