MNP - စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ မင်္ဂလာသီရိလမ်းရှိ သောကြာဆွမ်းလောင်းဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် များက ဆန်တစ်ပြည်လျှင် ၁၆၀ဝိ ကျပ်၊ ဆီတစ်ပိဿာလျှင် ၅၃၀ဝိကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့်၊ လူတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ (၂၅) ကျပ်သား၊ ကြက်ဥ (၁၀)လုံးနှုန်းဖြင့် ဆန် (၁၀) အိတ်၊ ဆီ (၁၁၀) ပိဿာနှင့် ကြက်ဥ အလုံး (၁၀၀၀) တို့ကို ရပ်ကွက်နေပြည်သူ လက်ဝယ် အရောက် ရောင်းချပေးခဲ့ပြီး ကျန်ရှိသောရပ်ကွက်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment