ပြင်ဦးလွင်မြို့နယ် ၊ လွန်ကောင်းအုပ်စု ၊ လွန်ကောင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် ၊ လွန်ကောင်းအုပ်စု ၊ လွန်ကောင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် ၊ လွန်ကောင်းကျေးရွာအုပ်စု၊ လွန်ကောင်းကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြသည်။


ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြရာတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြင်ဦးလွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်း ပြောကြားသည်။


ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများက Mask Campaign ပြုလုပ်ခြင်းနှင့် ကျေးရွာရှိပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လွန်ကောင်း ကျေးရွာအုပ်စု၊ လွန်ကောင်းကျေးရွာရှိ ရွာဦးကျောင်းဆရာတော်ထံသို့ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ကျေးရွာ ပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ၃နာရီတွင် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။


သတင်း - ဖြူလူသစ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)