ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်မှ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်မှ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ   ၂၉


ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်နွားမယံအုပ်စု ကွင်းအမှတ်(၄၀၈)ရွာဟောင်းကွင်းအတွင်းရှိ တောင်သူဦးသန်းအောင်၏လယ်မြေ(၁)ဧကတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး(ရတနာတိုး) စံကွက်ရိတ်သိမ်းကွင်းသရုပ်ပြပွဲနှင့် ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့နှင့် ယူရီးယားဓါတ်မြေသြဇာပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆယ်နာရီဈေးလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကြာနီကန်လမ်းလမ်းဘေးဝဲ/ ယာ အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ ကသစ်တိုင်းကျေးရွာအုပ်စု တောင်လုံးညိုကျေးရွာနေကြက်မွေးမြူသူဦးဌေးအောင်၏ တိုင်းရင်းကြက်(ဒေသကြက်) ကောင်ရေ(၁၀၀၀)မွေးမြူ ဖြစ်ထွန်းနေမှုအခြေအနေအားကြည့်ရှုခဲ့သည်။


အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ထပ်မံဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)